မိုင်းနောင် ဒီဇင်ဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ရုံး (Community Center) ခန်းမတွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကို ယနေ့ နံနက်(၁၁)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် သဘာဝဘေးအန္တရာယ်များကြောင့်ဖြစ်ပေါ်တတ်သော မုန်တိုင်းဘေး၊ လေဘေး၊ ရေဘေး၊ မြေပြိုဘေးများအား ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးစာစောင်များ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများ၊ ဆောင်းရာသီတွင်ဖြစ်ပွားတတ်သော ရောဂါများမဖြစ်ပွား စေရေးအတွက်ဆောင်ရန်/ ရှောင်ရန်များ၊ ကာကွယ်ဆေးထိုးနှံခြင်းနှင့်ပတ်သက်သည့် အသိပညာပေးစာစောင်များ၊ နယ်လှည့်ကွင်းဆင်းမှတ်တမ်းဓာတ်ပုံများအား ပြသပေးထားကြောင်း သိရှိရသည်။
အဆိုပါ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲသို့ ကျောင်းသား/ကျောင်းသူများနှင့် စာဖတ်ပရိသတ်များ၊ စာပေချစ်သူများ လာရောက်လေ့လာကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
မနန်း(မိုင်းနောင်)