မိုင်းယောင်း၌ ရုံးဌာနများ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်

မိုင်းယောင်း ဒီဇင်ဘာ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ယနေ့နံနက်က ဌာနဆိုင်ရာရုံးများတွင် သန့်ရှင်းသာယာလှပရေး သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ကြောင်း သိရသည်။

ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်ဖြင့် ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ တူးဖော်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရုံးသုံးဖိုင်တွဲများ စနစ်တကျထိန်းသိမ်းခြင်း၊ ရုံးဥပဓိရုပ်ကောင်းမွန်ရေး သန့်ရှင်းရေးပြုလုပ်ခြင်းလုပ်ငန်းများကို သက်ဆိုင်ရာရုံးဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)