ကျိုင်းတောင်း ဒီဇင်ဘာ ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနရှိဝန်ထမ်းများသည် ယနေ့နံနက် ၁၀ နာရီခွဲအချိန်တွင် အ.မ.က(တာကွန်)ကျောင်သို့ သွားရောက်၍ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ ကျိုင်းတောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဒုတိယဦးစီးမှူး ဉီးစိုင်းသီဟထွန်းမှ ကျောင်းသား၊ ကျောင်းသူများကို လွတ်လပ်ရေးနေ့နှင့်သက်ဆိုင်၍ သိသင့်သိထိုက်သော သမိုင်းကြောင်းများကိုဟောပြောပြီး လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့သူတို့၏ စွန့်လွှတ်အနစ်ခံမှုတို့ကို ပြောပြရှင်းပြခဲသည်။ ထို့နောက် လွတ်လပ်ရေးနေ့၏အဓိပ္ပါယ်ဖွင်ဆိုချက် အနှစ်သာရများကို စံနမူနာများပြ၍ ကျောင်းသား/ကျောင်းသူများ သိရှိနားလည်လွယ်စေရန် ဟောပြောခဲ့ကြောင်း သိရပါသည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများလေ့လာရန် နံရံကပ်စာဆောင်နှင့် ဓာတ်ပုံများပြသပေးခဲ့ကြောင်း သိရပါသည်။
ကိုကို(ပြန်/ဆက်)