ချမ်းမြသာစည်မြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ပြပွဲ /ပြိုင်ပွဲများ ကျင်းပ

ချမ်းမြသာစည် ဒီဇင်ဘာ ၁၂          

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်း၍(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲနှင့်  ပြပွဲ/ပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိမ်း၀င်းက လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၊ ရရှိခဲ့ပြီးသော လွတ်လပ်ရေးကို ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိပုံများ အကြောင်းတို့ကိုအသိပညာပေး ဟောပြောခဲ့သည်။ ဆက်လက်ပြီး စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့် စိတ်ကြိုက်ပန်းချီရေးဆွဲခြင်း ပြိုင်ပွဲများ ကျင်းပခဲ့ရာ အမှတ် (၂၃) အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား/‌သူ ၂၂ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်ပြီး  ဆုရရှိသောကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိမ်း၀င်း၊ ကြီးကြပ်ဆရာမ ဒေါ်သူဇာ၀င်းနှင့် ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်တို့က ဆုများပေးအပ် ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများသည်ခန်းမအတွင်း ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို စိတ်ပါ၀င်စားစွာ ဖတ်ရှုလေ့လာခဲ့ကြသည်။

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အခမ်းအနားသို့ အမှတ်(၂၃) အခြေခံပညာ မူလတန်းလွန်ကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ချမ်းမြေ့