မိုင်းစံ ဒီဇင်ဘာ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းစံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀)နာရီအချိန်က မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ခြင်းတွင် သုတ/ရသစာအုပ်များ၊ မဂ္ဂဇင်း၊ ဝတ္ထုစာအုပ်များအား စာဖတ်ပရိတ်သတ်များထံ လက်ဝယ်အရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရခြင်းမှာ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာကြည့်တိုက်သို့ ကိုယ်တိုင်မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ်များ စာအုပ်စာစောင်များ ဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ သွားရောက်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရှိရပါသည်။
မိုင်းစံ(ပြန်/ဆက်)