တာလေ ဒီဇင်ဘာ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ (၇၇)ကြိမ်မြောက် လွတ်လပ်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီက အ.မ.က(ဝမ်ဆာ)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ခွဲ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးပြည့်ဖြိုးဇော်က မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်း၊ မြန်မာ့လွတ်လပ်ရေးရေရည်တည်တံ့စေဖို့ ထိန်းသိမ်းစောင့်ရှောက်ရန် နိုင်ငံသားတိုင်း၌ တာဝန်ရှိပုံ၊ မျိုးချစ်၏တိုင်းပြည်တည်ဆောက်ရေးအခန်းကဏ္ဍ၌ အရေးပါမှု၊ မြန်မာတွေစည်းလုံးမှုပြိုကွဲ၍ လွတ်လပ်ရေးဆုံးရှုံးခဲ့ရပုံ စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဟောပြောပွဲအပြီးတွင် ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များ၊ လူကုန်ကူးမှုထားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲများကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မိုးလရောင်(ပြန်/ဆက်)