လွိုင်လင်မြို့ လူထုအခြေပြုဗဟိုဌာနတွင် စာကြည့်တိုက်ပညာသင်တန်းဖွင့်လှစ်

လွိုင်လင် ဒီဇင်ဘာ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနတွင် စာကြည့်တိုက်ပညာသင်တန်းကို ယနေ့နံနက် (၉) နာရီခွဲအချိန်က သင်တန်းဖွင့်လှစ်ပါသည်။

ဦးစွာ ခရိုင်ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချိုက သတင်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍လည်းကောင်း ရုံးချုပ်၏ညွှန်ကြားချက်များနှင့်အညီ စီမံဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်း‌လင်းပြောကြားပြီးနောက် သင်တန်းစတင်ပါသည်။ အဆိုပါ သင်တန်းသို့ လွိုင်လင်ခရိုင်အတွင်းရှိ မြို့နယ်၊ မြို့ရုံးများမှ ဦးစီးအရာရှိများ၊ ဒုတိယဦးစီးမှူးများ အခြားဆင့်ဝန်ထမ်းများနှင့်ခရိုင်ရုံး တွဲဘက်ဝန်ထမ်းများ တက်ရောက်ကြသည်။

လွိုင်လင်မိုး