မိုင်းနောင် ဒီဇင်ဘာ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများသည် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းအဖြစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များကို ယနေ့ နံနက် (၁၀) နာရီအချိန်က နယ်လှည့်ကွင်းဆင်းငှားရမ်း ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များလာရောက် ငှားရမ်းနိုင်ခြင်းမရှိသော ဝန်ထမ်းများအား အလွယ်တကူ စာပေဖတ်ရှုလေ့လာနိုင်ရန်နှင့် ပြင်ပဗဟုသုတများရရှိစေရေး၊ အားလပ်ချိန်များတွင် စာအုပ်၊ စာစောင်များ ဖတ်ရှု၍ စိတ်အပန်းဖြေနိုင်ရေးအတွက် စီစဥ်ဆောင်ရွက်ပေးကြောင်း သိရသည်။
ဌာနဆိုင်ရာရုံးများ၊ ဘုန်းတော်ကြီးကျောင်းများသို့ စာအုပ်၊ စာစောင်များ ပုံမှန်သွားရောက် ငှားရမ်းပေးလျက်ရှိရာ ယခုလအတွင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။
မိုးသောက်(မိုင်းနောင်)