မိုင်းခုတ်မြို့၊ အခြေခံပညာမူလတန်းကျောင်း(နောင်တုံ)၌ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

မိုင်းခုတ် ဒီဇင်ဘာ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန်ရည်ရွယ်၍ ယနေ့ နံနက်(၉)နာရီခွဲအချိန်က မိုင်းခုတ်မြို့ရှိ အခြေခံပညာမူလတန်းကျောင်း(နောင်တုံ)သို့ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သီတာအေးက ကျောင်းသား/ကျောင်းသူများအားလပ်ချိန်ကို အကျိုးရှိစွာအသုံးပြုကြရေး၊ ကျောင်းစာကိုကြိုးစားကြသလို ဗဟုသုတတိုးပွားရေးအတွက်ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှု့စေရေးစာကြည့်တိုက်သို့ ဝင်/ထွက်လာရေးနှင့် စာပေများကိုစိတ်ပါဝင်စားမှုများရှိလာစေရန်အတွက် ပုံပြင်များကိုပြောကြားပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောင်းသား၊ကျောင်းသူများအား ပုံပြင်နှင့်ကဗျာများ၊ အခြားအသိပညာပေးစာအုပ်များ​ပြသခြင်း၊ နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်ပေးကာ လူကုန်ကူးမှုအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ်၊ သက်ငယ်မုဒိမ်းကင်းစင်ရေး ကြိုတင်ကာကွယ် အသိပညာပေးနံရံကပ်စာစောင်များကို ပြသခဲ့ကြောင်း သိရသည်။

သီတာအေး(ပြန်/ဆက်)