ခိုလမ် ဒီဇင်ဘာ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဓာတ်မြေဩဇာအရောင်းဆိုင်များ စည်းကမ်းချက်များနှင့်အညီလိုက်နာမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ခိုလမ်မြို့၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးမျိုးမြင့်ဦးနှင့် ဝန်ထမ်းများ၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့စည်ပင်သာယာရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဓာတ်မြေဩဇာအရောင်းဆိုင်များ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ သုံးစွဲသူပြည်သူများအား သတ်မှတ်ချက်နှင့်အညီ အသုံးပြုနိုင်စေရန်၊ ချမှတ်ထားသော စည်းကမ်းချက်များအား အလေးထားလိုက်နာ ဆောင်ရွက်စေရန် အသိပညာပေးပြောကြားခဲ့ပြီး လိုအပ်ချက်များအား ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေလင်းထွန်း(ပြန်/ဆက်)