မိုင်းပျဉ်း ဒီဇင်ဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ၂၀၂၄ ခုနှစ်၊ ကျောင်းတွင်းအားကစားပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းပျဥ်းမြို့ အခြေခံပညာအထက်တန်းကျောင်းခွဲ၏ ၂၀၂၄ ခုနှစ် ဒီဇင်ဘာအားကစားလ ကျောင်းတွင်းအားကစားပြိုင်ပွဲကို ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူဝင်းက ဦးဆောင်၍ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေးများက အမြင့်ခုန်၊ လွန်ဆွဲ၊ လက်ဆင့်ကမ်း၊ ဆန်ကောရွက်၊ ဆီမီးထွန်း၊ အပ်ချည်ထိုး၊ အိတ်စွပ်ပြိုင်ပွဲ၊ အာလူးကောက်၊ အင်္ကျီဝတ်၊ ပူပေါင်းထိုင်နှင့် မီတာ ၁၀၀ အပြေးပြိုင်ပွဲတို့ကို စုပေါင်းဆင်နွှဲခဲ့ကြပြီး ဆုရရှိ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူအသီးသီးတို့က ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ ၂၀၂၄ ခုနှစ် အခြေခံပညာအထက်တန်းကျောင်းခွဲ၏ ဒီဇင်ဘာလ ကျောင်းတွင်းအားကစားပြိုင်ပွဲတွင် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအားလုံး စုံလင်စွာ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နန်းသန္တာဦး(ပြန်/ဆက်)