ကျေးသီးမြို့တွင် ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်

ကျေးသီး ဒီဇင်ဘာ ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်တွင် အသက် (၅)နှစ်မှ (၇)နှစ် KG ကျောင်းသား/သူများအား ဆုံဆို့-မေးခိုင်ကာကွယ်ဆေး(DT)နှင့် အသက်(၉)နှစ်၊ (၁၀)နှစ် မိန်းကလေးကျောင်းသူများကို သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) စတင်ထိုးနှံခြင်းတို့ကို ယမန်နေ့နံနက် ၁၀ နာရီက ကန်ပန်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (ကျေးသီး)တွင် ဆောင်ရွက်ခဲ့သည်။

ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ မောင်မောင်မြတ်ဗိုလ်သူနှင့် ကျန်းမာရေးဝန်ထမ်းများက အ.ထ.က(ကျေးသီး)ကျောင်းရှိ အသက် (၅)နှစ်မှ ၇ နှစ် KG ကျောင်းသား/သူများအား ဆုံဆို့-‌မေးခိုင်ကာကွယ်ဆေး(DT)နှင့် အသက်(၉)နှစ်၊ (၁၀)နှစ် မိန်းကလေးကျောင်းသူများကို သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)တို့ကို  စနစ်တကျ ထိုးနှံပေးကြသည်။

ကျေးသီးမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ဆုံဆို့-မေးခိုင်ကာကွယ်ဆေးထိုးရန် ကျောင်းအခြေပြု (၁၁၇၇)ဦး၊ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးရန် ကျောင်းအခြေပြု စုစုပေါင်း (၈၅၂) ဦး လျာထားကာ ဒီဇင်ဘာ ၆ ရက်မှစတင်၍ သက်ဆိုင်ရာကျောင်းများအသီးသီးတွင် သတ်မှတ်ရက်အလိုက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီးထံမှ သိရသည်။

နန်းဗွေခမ်း