ဒုတိယရှမ်းပုဂံဟု တင်စား‌‌သော ဘုရားစေတီပုထိုးများ ပေါကြွယ်လှသည့် မိုးနဲမြို့နယ်သို့ လာရောက် လည်ပတ်သူများပြား

မိုးနဲ ဒီဇင်ဘာ ၁၀

မိုးနဲမြို့နယ်သည် ဘုရားစေတီပုထိုးများ ပေါကြွယ်လှပြီး ပြည်တွင်းခရီးသွား ဧည့်သည်များ လာရောက်လည်ပတ်သော အလည်အပတ်နေရာ တစ်ခုဖြစ်ပါသည်။

ပုရားစေတီပုထိုးများ ပေါကြွယ်လှသော မိုးနဲမြို့နယ်ရှိ ဆင်တောင်(လွိုင်စန့်)သို့ ယနေ့တွင်လည်း တောင်ကြီး-ရန်ကုန်-နေပြည်တော်ရှိ ကမ္ဘောဇ(KBZ)ဘဏ်မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ မိသားစုဝင်များစုပေါင်း၍ ရှမ်းပြည်နယ်အတွင်းရှိ နာမည်ကြီး ဘုရားစေတီပုထိုးများကို သွားရောက် ဖူးမြော်လျက်ရှိကြောင်း သိရသည်။ မိုးနဲမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် (၃၁၇၉) ပေ မြင့်မားသော မြို့လေးတစ်မြို့ဖြစ်ရာ ရှေးဟောင်းစေတီပုထိုးများ၊ မွမ်းမံစေတီပုထိုးများ၊ တန်ခိုးကြီးဘုရားများဖြင့် အေးချမ်းသည့် မြို့လေးတစ်မြို့ဖြစ်ပြီး ဒုတိယပုဂံဟုခေါ်ဆိုရာသည်အထိ ဘုရားစေတီ များ ပေါကြွယ်လှသောကြောင့် လာရောက်လည်ပတ်သင့်သည့် အထင်ကရ နေရာတစ်ခုဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ဦးဇင်ကိုကို