လဲချားတွင် လူငယ်နှင့် မူးယစ်ဆေးအန္တရာယ် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

လဲချား ဒီဇင်ဘာ ၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် မူးယစ်ဆေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်း(နောင်မိန်း)တွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ဒေါက်တာ ဇင်မောင်နွယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျန်းမာရေးမှူး ဦးစိုင်သက်အောင်ဦးက မူးယစ်ဆေးဝါးဆိုသည်မှာ၊ မူးယစ်ဆေးဝါးအန္တရာယ်၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်နိုင်သော ဆိုးကျိုးများနှင့် အန္တရာယ်များ၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များ စသည်တို့ကို ရှင်းလင်းဟောပြောခဲ့ပြီး မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ခံစားရသည့် ဆိုးကျိုးနှင့် အန္တရာယ်များအား ဗွီဒီယိုဖိုင်များ ဖွင့်လှစ်ပြသ၍ အသိပညာပေးခဲ့ကြောင်း သိရသည်။

လဲချား(မြို့နယ်ပြန်/ဆက်)