ချမ်းမြသာစည် ဒီဇင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးတက်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံပြီး စာပေဗဟုသုတ လေ့လာဖတ်ရှုလာစေရန်နှင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်ကို အမှတ် (၂၆) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီ အချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိမ်းဝင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်တို့က ကျောင်းသား/သူများအနေဖြင့် ကျောင်းစာကြည့်တိုက်များကို အသုံးပြုတတ်စေရေး၊ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရေးနှင့် စာပေ၏ အကျိုးကျေးဇူးများအကြောင်း၊ ကလေးအလုပ်သမားပပျောက်စေရေးနှင့် လူကုန်ကူးမှုအန္တရာယ်၊ မူးယစ်ဆေးဝါးဆိုးကျိုးများ စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား/ သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် အသိပညာပေးနံရံကပ်စာစောင်၊ စာအုပ်စာစောင်များပြသပေးခြင်းနှင့်အတူ သုတ/ရသစာအုပ် (၁၄၈) အုပ်ကို အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/ သူများ စုစုပေါင်း ၁၈၉ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချမ်းမြေ့