ကျောက်ဆည်မြို့၊ အမှတ်(၁၆) အခြေခံပညာမူလတန်းကျောင်း၌  Steel Structure စာသင်ကျောင်းဆောင်သစ် တစ်ထပ်ဆောင်ဆောက်လုပ်ပေး

ကျောက်ဆည် ဒီဇင်ဘာ  ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ အမှတ်(၁၆) အခြေခံပညာ မူလတန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေး (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်တွင်(၈၀x၃၀)ပေ Steel Structure  စာသင်ကျောင်းဆောင်အသစ် (တစ်ထပ်) ဆောင် ဆောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။

အမှတ်(၁၆)အခြေခံပညာမူလတန်းကျောင်းတွင် KG တန်း၌ ကျောင်းသား/ကျောင်းသူ(၁၈)ဦး၊ Grade-1 အတန်း၌ (၁၈)ဦး၊ Grade-2 အတန်း၌ (၂၁)ဦး၊ Grade-3 အတန်း၌ (၄၁)ဦး၊ Grade-4 အတန်း၌(၂၅)ဦး၊ Grade-5 အတန်း၌(၁၈)ဦး၊ စုစုပေါင်းကျောင်းသား/ကျောင်းသူ (၁၄၁)ဦးအား ကျောင်းအုပ်ဆရာမကြီးအပါအဝင် ဆရာ/ဆရာမ(၉)ဦးမှ တာဝန်ယူ၍ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

အသစ်ဆောက်လုပ်ပေးသော (၈၀x၃၀)ပေ Steel Structure  စာသင်ကျောင်းဆောင်အသစ်အား နိုင်ငံတော်မှ ခွင့်ပြုရန်ပုံငွေ(၁၂၆.၆)ကျပ်သန်း အကုန်အကျခံကာ Miracle Strength ဆောက်လုပ်ရေး ကုမ္မဏီမှတာဝန်ယူကာ ဆောက်လုပ်ပေးခြင်းဖြစ်ကြောင်းနှင့် အဆိုပါကျောင်းသည် ရဲစုအုပ်စု၊ တံတားလည် ရပ်ကွက်တွင်တည်ရှိပြီး ၁၉၈၉ ခုနှစ်၊ ဇူလိုင်(၂၃)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အကျယ်အဝန်းအားဖြင့် အလျား(၁၁၂၇)ပေ၊ အနံ(၃၀၀)ပေ၊ ဧရိယာ(၂.၃)ဧက ကျယ်ဝန်းကြောင်း  သိရသည်။

စုစုအေး(ကျောက်ဆည်)