မြစ်သား ဒီဇင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာနိုင်ငံ ဆီကုန်သည်ဆီလုပ်ငန်းရှင်များအသင်းနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ မြစ်သားမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ဈေးနှုန်းချိုသာစွာ စားသုံးနိုင်ရန်အတွက် မြို့နယ်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တို့ကကြီးကြပ်၍ စားအုန်းဆီ(၁)ပိဿာလျှင် (၈၂၃၅/-)ကျပ်နှုန်းဖြင့် ရှမ်းပွဲရပ်ကွက်ရှိ ဒေါ်ဇာဇာ ကုန်ဆုံဆိုင်ရှေ့တွင် ယနေ့နံနက်ပိုင်းက ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ရောင်းချရာတွင် ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင် များအသင်းမှ မြစ်သားမြို့ရှမ်းပွဲရပ်ကွက်ရှိ ဒေါ်ဇာဇာကုန်ဆုံဆိုင်ရှေ့တွင် ဆီကုန် သည်နှင့်ဆီလုပ်ငန်းရှင်များ ဖြစ်ကြသော အဖွဲ့ဝင် ဒေါ်ဇာဇာ၊ ဦးအောင်ဆန်းဝင်း (အောင်ကမ္ဘာဆီစက်၊ကူမဲမြို့)၊ ဦးဇော်လင်းနောင်(ငွေကလပ်ဆီဆိုင်၊ ကူမဲမြို့) စသည့်(၃)ဦးတို့သည် ၁ပိဿာလျှင်(၈၂၃၅/-) ကျပ်နှုန်းဖြင့် မြစ်သားမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား တစ်ဦးလျှင် ဆီ(၂) ၁ပိဿာရရှိပြီး မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ(၄၅)ဌာနတို့မှ အရာထမ်း၊ အမှုထမ်း စုစုပေါင်း(၁၂၀၂)ဦးတို့အား ဆီပိဿာချိန်(၂၄၀၄)ပိဿာအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း စားသုံးသူရေးရာဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှသိရသည်။
ဝါဝါမြင့်(မြစ်သား)