ကျိုင်းတုံ ဒီဇင်ဘာ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၌ အမျိုးသမီးများအကြမ်းဖက်မှုပပျောက်ရေးနှင့် ကျား/မ တန်းတူညီမျှအခွင့်အရေးရရှိစေရန်ရည်ရွယ်၍ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်(၉)နာရီက အမှတ်(၃)ရပ်ကွက်ရှိ မူလတန်းကြိုကျောင်းခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌ ကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသူဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာကော်မတီအတွင်းရေးမှူး ဒေါ်ခင်ခင်မြင့်က အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု ကျင်းပရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့အတွင်းရေးမှူး ဒေါ်ဆွေဆွေလင်းက လုပ်ငန်းဆောင်ရွက်များကိုလည်းကောင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့မှအတွင်းရေးမှူး ဒေါ်မေရီဝင်းမြင့်က လုပ်ငန်းဆောင်ရွက်များကိုလည်းကောင်းပြောကြားခဲ့ပြီး မော်ကွမ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ စီမံကိန်းဒါရိုက်တာ ဒေါ်နန်းဝိုးဖက်က စီမံကိန်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ မိတ်ဆက်ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာနမှဝန်ထမ်းများက အခမ်းအနားသို့ တက်ရောက်လာသူများကို အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် ကျား၊ မ အခြေပြုအကြမ်းဖက်မှု အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)