ကျောက်တံတားမြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေး(pfizer vaccine)ထိုးနှံခြင်းဆောင်ရွက်

ကျောက်တံတား ဒီဇင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးတွင် ကိုဗစ်ကာကွယ်ဆေး (pfizer vaccine)ကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ထိုးနှံပေးခဲ့ကြောင်းသိရသည်။

အဆိုပါကိုဗစ်ကာကွယ်ဆေးထိုးနှံရာတွင် ကာကွယ်ဆေး ၁ ကြိမ်မျှ မထိုးနှံရသေးသောအသက် ၁၈ နှစ်အထက်ရှိသူများ၊ ကာကွယ်ဆေးနောက်ဆုံးအကြိမ် ထိုးနှံပေးမှု ကာလ(၆)လပြည့်ပြီးသော အသက်(၇၅)နှစ် ပြည့်ပြီးသောသူများ၊ အသက်(၅၀)နှစ်အထက်နာတာရှည်ရောဂါရှိသူများ၊ ကာကွယ်ဆေးနောက်ဆုံးအကြိမ် ထိုးနှံပေးမှု ကာလ (၁)နှစ်ပြည့်ပြီးသော အသက်(၅၀) နှစ်အထက်ရှိသောသူများ အသက် ၁၈ နှစ်အထက်နာတာရှည်ရောဂါရှိသူများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ထိုးနှံပေးခဲ့ပြီး စုစုပေါင်း (၁၀၆)ဦး ထိုးနှံခဲ့ကြကြောင်း သိရသည်။

ကျောက်တံတား(ပြန်/ဆက်)