မိုင်းယောင်း ဒီဇင်ဘာ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီခွဲက ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က အမှာစကားပြောကြား၍ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများက တင်ပြဆွေးနွေးရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးက တင်ပြချက်ချက်များနှင့်ပတ်သက်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ပေးခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ ခရိုင်/မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်/မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတာဝန်ခံများ၊ ရပ်ကွက်/ကျေးရွာအုပ်စုစာရေးများ၊ ရပ်ကွက်/ကျေးရွာပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး စာရင်းပြုစုရေးအဖွဲ့များ စုစုပေါင်းအင်အား ၁၂၀ ဦး တက်ရောက်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)