ခိုလမ် ဒီဇင်ဘာ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာမူလတန်းကျောင်း(၂၉မိုင်)တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းနှင့်နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးစာအုပ်စာစောင်များငှားရမ်းရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးလွှမ်းသူနောင်နှင့် ဝန်ထမ်းများမှ အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် ဥာဏ်ရည်၊ ဥာဏ်သွေးတိုးတက်မြှင့်မားလာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေသော ကျောင်းသား/သူများ ပေါ်ထွန်းလာစေရန်အတွက် သုတ/ရသ စာအုပ်စာစောင်များကို ကျောင်းသား/သူ (၅၂)ဦးတို့အား ကွင်းဆင်းငှားရမ်းပေးခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များကို ပြသခဲ့ကြောင်း သိရသည်။
ခိုလမ်(ပြန်/ဆက်)