တန့်ယန်း ဒီဇင်ဘာ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ခရိုင်ပညာရေးမှူးရုံးမှ ကြီးမှူး၍ အခြေခံပညာ မူလတန်းအဆင့်(Grade-5) စာမေးပွဲပြီးမြောက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ခရိုင်ပညာရေးမှူး ဦးကြည်လွင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပညာရေးမှူးရုံးမှ ဦးအောင်ကျော်ဦး ဦးဆောင်၍ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး စသည့် ဘာသာရပ်အလိုက် ဆရာ၊ ဆရာမများက ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် အခြေခံပညာမူလတန်းအဆင့် (Grade-5)နှင့်ပတ်သက်သော ဆရာ၊ ဆရာမများ တက်ရောက်ကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)