မိုင်းတုံ ဒီဇင်ဘာ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမင်းမင်းထွေးနှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုး၊ မြို့နယ်ရဲမှူးမြင့်အောင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြပွဲကို ယနေ့နံနက် ၉နာရီခွဲအချိန်က အ.ထ.က မိုင်းတုံကျောင်းဝန်းအတွင်း၌ ကျင်းပခဲ့ရာ ကျောင်းသား/ကျောင်းသူ (၂၅၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ရဲမှူးမြင့်အောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမင်းမင်းထွေးက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၏ ရည်ရွယ်ချက်ကို အကျယ်တဝင့် ရှင်းလင်းခြင်း၊ မြို့နယ်မီးသတ်ဌာနမှ ဒုတိယဦးစီးမှူး ဦးသူရိန်ဖြိုးက ကျောင်းသား/ကျောင်းသူများကိုယ်တိုင် မီးဘေးအန္တရာယ်မှ ကာကွယ်ရမည့်နည်းလမ်းများ၊ ရင်ဆိုင်ရမည့်အခါ စတင်လုပ်ဆောင်ရမည့်အချက်များ၊ ကိုင်ဆောင်ရမည့်ပုံစံများ သိရှိစေလိုရန်နှင့် လက်တွေ့ မီးငြှိမ်းသတ်နည်းများကိုလည်း ပူးပေါင်းဆောင်ရွက်တက်စေရန် လိုအပ်ကြောင်း ရှင်းလင်းဆွေးနွေးပြီးနောက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ မီးငြှိမ်းသတ်ခြင်းများကို ပုံစံအမျိုးမျိုးဖြင့် လက်တွေ့သရုပ်ပြခဲ့ကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ ပြန်/ဆက်)