ပုဇွန်တောင် ဒီဇင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ မီးငြှိမ်းသတ်နည်း သရုပ်ပြဇာတ်တိုက် လေ့ကျင့်မှုများကို နိုဝင်ဘာ ၂၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ပုဇွန်တောင်မြို့နယ်၊ အမှတ်(၆) ရပ်ကွက်၊ ပုဇွန်တောင်ဈေးတွင်လည်းကောင်း နိုဝင်ဘာ ၂၈ ရက်နေ့ နံနက် ၁၁ နာရီက အမှတ်(၉) ရပ်ကွက်ရှိ ရေကျော်ဈေးတွင်လည်းကောင်း ဆောင်ရွက်ခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၊ ဈေးတာဝန်ခံနှင့်အဖွဲ့ဝင် များ တက်ရောက်အားပေးခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ပူပေါင်းအဖွဲ့က ဈေးများအတွင်း မီးဘေးလုံခြုံရေး၊ မီးသုံးစွဲမှု၊ ကုန်ပစ္စည်းသိုလှောင်ထားရှိမှု၊ မီးသတ်ယာဥ်ဝင်/ထွက်နိုင်မှု၊ ရေရရှိရေးနှင့် ရှေးဦးမီးငြိမ်း သတ်ရေး အသင့်ဆောင်ရွက်ထားရှိမှုတို့အပေါ် မီးသတ်ဈေးဘူးထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးငြိမ်းချမ်းနှင့် တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြိမ်းသတ်ခြင်း၊ မီးအတန်းအစားများအား ရှင်းလင်းခြင်း၊ မီးငြိမ်းသတ်နည်း(၄)နည်းအား ရှင်းလင်းခြင်း၊ ဂက်(စ်)အိုးမီးငြှိမ်းသတ်နည်းများ ရှင်းလင်းခြင်း၊ မီးဘေးနှင့်သဘာ၀ဘေးအန္တရာယ်အကြောင်း၊ မီးသတ်ဆေးဘူးတွင်ပါရှိရမည့် သတ်မှတ်ချက် အရည်အသွေးပြည့်၀မှုရှိ/မရှိ စစ်ဆေးနည်း၊ ဆီမီး လောင်မှု ရေစိုအ၀တ်အသုံးပြု မီးငြှိမ်းသတ်နည်းများကို လက်တွေ့ပြသပေးခဲ့သည်။
ထို့နောက် ဈေးသူ/ဈေးသားများက မီးငြှိမ်းသတ်နည်း သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုတွင် ပူးပေါင်းပါ၀င် လုပ်ဆောင်ခဲ့ကြပြီး မြို့နယ်မီးသတ်ဦးစီးဌာန သန္ဓေတပ်ဖွဲ့၀င်များက မီးငြှိမ်းသတ်ခြင်းကို သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
ဟန်စုယဉ်(ပြန်/ဆက်)