မရမ်းကုန်း ဒီဇင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြိုနယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအခြေပြု ဆုံဆို့မေးခိုင်ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉) နာရီချိန်က အမှတ် (၁၃) အခြေခံပညာမူလတန်းလွန်ကျောင်း၌ မြို့နယ်ကျန်းမာရေးဌာနမှဝန်ထမ်းများက သွားရောက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ဆုံဆို့မေးခိုင်ကာကွယ်ဆေးထိုးနှံပေးမှု (၁၃)ဦး၊ သားအိမ်ခေါင်းကာကွယ်ဆေးထိုးနှံပေးမှု (၁၅၈)ဦး၊ စုစုပေါင်း (၁၇၁)ဦး ထိုးနှံ ပေးခဲ့ကြောင်းသိရှိရသည်။
ထိုသို့ ထိုးနှံပေးရာတွင် အခြေခံပညာကျောင်း ဆရာ၊ ဆရာမများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ မြို့နယ်ကြက်ခြေနီအသင်းခွဲဒုဥက္ကဋ္ဌ ဦးကိုကိုထွေးနှင့်အမျိုးသမီးဝန်ထမ်း (၂)ဦးတို့၏ ပူးပေါင်းကူညီမှုဖြင့် ကွင်းဆင်းထိုးနှံ ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)