ကျောက်တံတားမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး  အသိပညာပေး လိုက်လံနှိုးဆော်

ကျောက်တံတား     ဒီဇင်ဘာ  

ရန်ကုန်တိုင်း‌ဒေသကြီး ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်အတွင်းရှိ ပြည်သူများ  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် အသိပညာပေးမှုများအား ယမန်နေ့ညက လိုက်လံနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့  ဆောင်ရွက်ရာတွင် ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဒဂုံမြို့နယ်များအတွင်း မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး ဦးရန်မျိုးအောင်ဦးဆောင်၍ တပ်ဖွဲ့(၅)ဦးနှင့်အတူ မီးဘေးအန္တရာယ်မဖြစ်ပွားစေရေး၊ မီးကိုသတိပြုသုံးစွဲရန်နှင့် မီးဘေးကြိုတင် ကာကွယ်ရေးပစ္စည်းများဆောင်ရွက်ထားရှိရန်၊  မီးလောင်မှုဖြစ်ပွားပါက အချိန်မီသတင်းပေးပို့ကြရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာလိုက်နာရမည့် အချက်များအား မြို့နယ်များအတွင်း အသိပညာပေးလှည့်လည်နှိုးဆော်ခဲ့ကြကြောင်း သိရှိရသည်။ 

မြို့နယ်(ပြန်/ဆက်)