မိတ္ထီလာမြို့နယ် မင်းတဲကုန်းကျေးရွာတွင် မိုးစပါး(YSR-1 )စံကွက်ရိတ်ပွဲ အခမ်းအနား ကျင်းပ

မိတ္ထီလာ ဒီဇင်ဘာ ၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ် မိုးစပါးစံကွက် ရိတ်သိမ်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ကဖြူကျေးရွာအုပ်စု မင်းတဲကုန်းကျေးရွာ   ဦးပိုင်အမှတ် ၄၄/၁ ၊ ကွင်းအမှတ် ၇၃၃ ရှိ တောင်သူ ဦးဇော်ဝင်း၏ မိုးစပါး(YSR-1 ) စိုက်ဧက ၅ ဧကတွင် ရိတ်သိမ်းခဲ့ကြောင်း သိရသည်။

မိုးစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနားတွင် မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာလင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်အေးတို့က ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် မိုးစပါးများ စိုက်ပျိုးထားရှိမှုအခြေအနေနှင့် မိုးစပါးစံကွက်ရိတ်သိမ်းမှု အခြေအနေတို့အား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက်ကဖြူကျေးရွာအုပ်စု မင်းတဲကုန်းကျေးရွာရှိ တောင်သူ ဦးဇော်ဝင်း၏ စိုက်ဧက ၅ ဧကရှိ မိုးစပါး YSR-1 မျိူးစပါးကို ရိတ်သိမ်းခဲ့ရာ မိုးစပါး မိုးစပါး(YSR-1 )စိုက်ဧက တစ်ဧက စပါးတင်း(အစို) ၉၃.၇၅ တင်း ထွက်ရှိကြောင်း သိရသည်။

အဆိုပါ မိုးစပါး(YSR-1)စံကွက်ရိတ်သိမ်းပွဲအခမ်းအနားကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုး၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာလင်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋီဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်အေးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံတောင်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)