စမ်း​ချောင်းမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လိုက်လံနှိုးဆော်

စမ်းချောင်း   ဒီဇင်ဘာ

ရန်ကုန်တိုင်း‌ဒေသကြီး အလုံခရိုင် စမ်းချောင်းမြို့နယ်အတွင်းရှိ ပြည်သူများ  မီးဘေးအန္တရာယ်  ကြိုတင်ကာကွယ်နိုင်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် အသိပညာပေးမှုများအား ယမန်နေ့ညက လိုက်လံနှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် စမ်းချောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ပြည်သူများအား   မီးဘေးအန္တရာယ်မဖြစ်ပွားစေရေး ၊ မီးကိုသတိပြုသုံးစွဲရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ ဆောင်ရွက်ထားရှိရန်၊  မီးလောင်မှုဖြစ်ပွားပါက အချိန်မီသတင်းပေးပို့ကြရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာလိုက်နာရမည့် အချက်များအား အသိပညာပေးနှိုးဆော်ခြင်းကို စမ်းချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ လိုက်လံနှိုးဆော် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။                         

ဖြူသွယ်ထွန်း