လဲချား ဒီဇင်ဘာ ၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယနေ့နံနက် ၁၀နာရီအချိန်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ ဦးစီးအရာရှိ ဒေါ်ခင်ချိုထွေးက ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရန်၊ အောင်မြင်သည့်လူငယ်လူရွယ်များ ပေါ်ပေါက်လာစေရန်၊ စာကြည့်တိုက်အားရင်းနှီးကျွမ်းဝင်မှုရှိလာစေရန်အတွက်ရည်ရွယ်၍ ယခုလိုဟောပြောပွဲများဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းပြောကြားပြီး လူငယ်ရေးရာနှင့်ပတ်သက်သည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအကြောင်းအရာများအား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ရာ အဆိုပါဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၃၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
လဲချား(မြို့နယ် ပြန်/ဆက်)