ထန်းတပင်မြို့နယ်တွင် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ

ထန်းတပင်(ရန်ကုန်) ဒီဇင်ဘာလ

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊  ကြာအင်းကျေးရွာအုပ်စုနှင့် ရွှေကြာဗျိုက်ကျေးရွာအုပ်စုတို့တွင် တောင်သူများစိုက်ပျိုးထားသည့် ဆင်းသုခမျိုးစပါးစိုက်ခင်းအား စပါးအထွက်နှုန်းများ သိရှိစေရန်အတွက် နိုဝင်ဘာ(၂၈)ရက်နေ့က မိုးစပါးစံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
မိုးစပါးစံကွက်ရိတ်သိမ်းရာတွင်လည်း ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ ဝန်ကြီးဌာနကိုယ်စားပြုခရိုင်၊ မှော်ဘီခရိုင်ဦးစီးမှူး ဦးကိုကိုအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး၊ မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံတောင်သူများက 
ကြာအင်းကျေးရွာအုပ်စု ကွင်းအမှတ်-၁၃၃၊ ဦးပိုင်အမှတ်-၂/က တောင်သူနော်သာစူ၏ ဆင်းသုခမျိုး စပါးစံပြကွက်(၀.၁၀)ဧကကို စံကွက်ရိတ်သိမ်းခဲ့ကြရာ တစ်ဧကအထွက်နှုန်း (၉၂.၇၈)တင်း နှုန်းနှင့်ရွှေကြာဗျိုက်ကျေးရွာအုပ်စု ကွင်းအမှတ် -၁၄၂၊ ဦးပိုင်အမှတ်-ဆွဲတရာကွင်းတောင်သူ ဦးဒေးပစ်၏ ဆင်းသုခမျိုး စပါးစံပြကွက်(၀.၁၀)ဧကကို စံကွက်ရိတ်သိမ်းခဲ့ကြရာ တစ်ဧကအထွက်နှုန်း (၈၀.၂၂)တင်း နှုန်းထွက်ရှိကြောင်း သိရသည်။ ထန်းတပင်မြို့နယ်အတွင်း မိုးစပါးစိုက်ဧက (၈၀၀၉၀)ဧကရှိသည့်အနက် (၆၃၅၂ )ဧကရိတ်သိမ်းပြီးစီးကြောင်းလည်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာမှ သိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)