မှော်ဘီ ဒီဇင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် ဖားအောက်တောရဓမ္မဂရုကသာသနဟိတအသင်း၏ (ပဉ္စမ)အကြိမ်မြောက် ဖားအောက်တောရဓမ္မဂရုကသာသနာလင်္ကာရစာမေးပွဲကို နိုဝင်ဘာလ(၂၈)ရက်နေ့ နံနက် ၇ နာရီတွင် ဖားအောက်တောရစာသင်တိုက်(မှော်ဘီ)၌ ပြုလုပ်သည်။
ဦးစွာ နံနက်ပိုင်းစာဖြေသံဃာတော်နှင့် သီလရှင်များက ပထမဆင့်ဝိနည်းမဟာဝါပါနိတော်ကို ဖြေဆိုပြီးမွန်းလွဲ၁နာရီတွင် ဒုတိယအဆင့်နှင့် တတိယအဆင့်ကို ဖြေဆိုရာ ဒုတိယဆင့်စူဠဝါ+ပရိဝါပါဠိတော်နှင့် တတိယဆင့် ပါရာဇိကဏ်+ပါစိတ်ပါဠိတော်တို့အား ဖြေဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ ဓမ္မဂရုကသာသနာလင်္ကာရစာမေးပွဲသို့ သက်ဆိုင်ရာ ဆရာတော်ကြီးများ၊ သာသနာရေးမှ တာဝန်ရှိအကြီးအကဲများ တက်ရောက်ကာ ပထမဆင့်ရဟန်း၊ သာမဏေ၊ သီလရှင်(၂၄၉၂)ပါး၊ ဒုတိယဆင့်ရဟန်း၊ သာမဏေ၊ သီလရှင်(၉၉၃)ပါး၊ တတိယဆင့်ရဟန်း၊ သာမဏေ၊ သီလရှင်(၇၇၀)ပါးတို့ အသီးသီးတက်ရောက်ဖြေဆိုခဲ့ကြပြီး စာမေးပွဲကို နိုဝင်ဘာ(၂၈)ရက်နေ့မှ (၃၀)ရက်နေ့အထိ(၃)ရက်ကြာဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဇော်(ပြန်/ဆက်)