မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးမှတ်တမ်းပြုလုပ်ဆောင်ရွက်

လှိုင်သာယာ(အနောက်ပိုင်း) ဒီဇင်ဘာ ၂

မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ အစီအစဥ်တွင်ပါဝင်သော မျက်စိဝေ ဒနာရှင်များအား ကျန်းမာရေးစစ်ဆေးမှုနှင့် ဆေးမှတ်တမ်းစာအုပ် ပြုလုပ်ဆောင်ရွက်ခြင်းကို နိုဝင်ဘာ(၂၈)ရက်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆေးပေးခန်းတွင် ပြုလုပ်ဆောင်ရွက်ကြရာ မြို့နယ်မိခင်နှင်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ကျော်သက်ထားဝင်းနှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှာက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များက ဆေးပေးခန်းသို့ ကျန်းမာရေးစောင့်ရှောက်မှု ခံယူရန်ရောက်ရှိလာကြသည့် မျက်စိဝေဒနာရှင်များအား ဆေးမှတ်တမ်းပြုလုပ်ရန် လိုအပ်သည်များကို ဆောင်ရွက်ပေးကြကာ အာဟာရမုန့်များ ပေးဝေကြသည်။

ယင်းနောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆေးပေးခန်းတာဝန်ရှိဆရာဝန်က ကျန်းမာရေးစမ်းသပ်စစ်ဆေးပေးလျက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ကျော်သက်ထားဝင်းနှင့် အဖွဲ့ဝင်များက မျက်စိဝေဒနာရှင်များကို အားပေးစကားများ ပြောကြားခဲ့ကြကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)