ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် မီးဘေးလုံခြုံရေးဆိုင်ရာ စစ်ဆေးခြင်း၊ အသိပညာပေးခြင်းနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက် လေ့ကျင့်မှုများ ဆောင်ရွက်

ဒဂုံအရှေ့ ဒီဇင်ဘာ ၁

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ မီးဘေးလုံခြုံရေးဆိုင်ရာ စစ်ဆေးခြင်း၊ အသိပညာပေးခြင်းနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက (၈)ရပ်ကွက်၊ အမှတ်(၂)ဈေးတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်၊ မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင်တို့မှ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ဈေးအတွင်းရှိ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဈေးရောင်း၊ ဈေးဝယ်သူများအား တွေ့ဆုံပြီး မီးဘေးလုံခြုံရေးဆိုင်ရာစစ်ဆေးခြင်း၊ အသိပညာပေးခြင်းနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေးမဉ္ဇူ