အမရပူရ​မြို့နယ်၌ ဇီဝဆိုင်ရာ အချက်အလက် ကောက်ယူခြင်း၊ Unique ID ထုတ်ပေးခြင်း လုပ်ငန်းနှင့် ပန်းခင်းစီမံချက်၃ ဖြင့် နိုင်ငံသားကတ်များ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

အမရပူရ ဒီဇင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ပန်းခင်းစီမံချက် ၃ ဖြင့် နိုင်ငံသားကတ်များကို ယမန်နေ့ နံနက်(၉)နာရီက အမရပူရ မြို့နယ်၊ရွှေကြက်ယက်ကျေးရွာနန်းမ​တော်စာကြည့်တိုက်၌ ပန်းခင်း ၃ စီမံချက်နိုင်ငံသားကတ်များကို  ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ခြင်းကို အမရပူရမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးတင်ကိုကိုဝင်း၏ ကြီးကြပ်မှုဖြင့် လဝကမှူး ဒေါ်ခင်ခင်စန်းဦးဆောင်သောအဖွဲ့မှ ပန်းခင်းစီမံချက် ၃ ဖြင့် နိုင်ငံသားကတ်များကို ဆောင်ရွက်ပေးခဲ့ရာ အကျုံးဝင်သူ ကျား ၂၆ဦး၊မ ၃၂ ဦး၊စုစုပေါင်း ၅၈ ဦး ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

 အလားတူ နိုင်ငံသားစိစစ်ရေးကတ်ပြား ယူဆောင်လာစေပြီး ဇီဝဆိုင်ရာ အချက်အလက်များ စိစစ်ကောက်ယူ၍ Databaseတွင် သိမ်းဆည်း၍ မတူညီ ဂဏန်း(၁၀)လုံးပါဝင်သည့်  Unique ID နံပါတ် ကတ်ပြားများကို မှန်တန်းရပ်ကွက်၊ ရေကြည်ပေါက်ကျေးရွာများတွင် နေ့ချင်းပြီး ၂၆၇  ဦး ထုတ်ပေးနိုင်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးတင်ကိုကိုဝင်းထံမှ သိရသည်။

စိုးသီဟ(အမရ)