မိုင်းဖြတ်၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်


မိုင်းဖြတ်  နိုဝင်ဘာ ၂၆


ရှမ်းပြည်နယ်(အရှေ့ပိုင်)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာ ကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာမှာ ယနေ့ နံနက်၉နာရီ အချိန်ခန့်က  မြို့မစျေးရှေ့၊ ပြည်ထောင်စုကားလမ်းမကြီးပေါ်တွင် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) များကို အခမဲ့ဝေငှပေးခဲ့သည်။


ထို့သို့ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက် အသိပညာပေးလုပ်ငန်းများဆောင် ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဝန်ထမ်းများက ပြည်ထောင်စုကားလမ်းမကြီး ပေါ်တွင် သွားလာနေကြသည့် နှာခေါင်းစည်း(Mask)မပါသူများကို အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) များဝေငှပေးခဲ့သည်။


ဆက်လက်၍ မိုင်းဖြတ်မြို့အထွက် ဟိုနားကျေးရွာအနီးရှိ ကိုဗစ်စစ်ဆေးရေးဂိတ်တွင် ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့များ ပူးပေါင်းပါဝင်သည့် စစ်ဆေးရေးအဖွဲ့က ခရီး သွားပြည်သူများကိုယ်ပူချိန် တိုင်းတာစစ်ဆေးခြင်း၊ ခရီးသွားရာဇဝင်များ ကောက်ယူခြင်းနှင့် သက်ဆိုင်ရာ မြို့နယ်များ၏ခရီးသွားထောက်ခံချက်များကို စစ်ဆေးကောက်ယူ လျက်ရှိသည်။ ထို့နောက် မြို့နယ်ပြည်သူ့ ကျန်းများရေးဦးစီးဌာနမှ ဓာတ်ခွဲကျွမ်းကျင်-၃ ဒေါ်အိသက်မွန်နှင့်ဝန်ထမ်းများက မြို့တွင်းသို့ဖြတ်သန်းမည့် ကုန်တင်မော်တော်ယာဉ်များမှ ယာဉ်မောင်း၃ဉီးနှင့် ယာဉ်နောက်လိုက် ၄ ဦး ကို ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ Antigen (RDT)Test Kit ဖြင့်စစ်ဆေးရာ ရောဂါပိုးမရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။


သန်းထွန်းအေး(ပြန်/ဆက်)