ရန်ကင်းမြို့နယ် အ.ထ.က(၁)ကျောင်း၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ရန်ကင်း နိုဝင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ လူငယ်များအသိပညာ၊ အတွေးအခေါ်များပြည့်ဝစေပြီး စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများရရှိစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန်၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း‌‌ရှိ သီရိရတနာခန်းမ‌ဆောင်တွင် ယမန်နေ့နံနက်(၉:၀၀)နာရီက ကျင်းပခဲ့သည်။ 

 ရှေးဦးစွာ ရန်ကင်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦး‌မောင်မောင်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လှလှထွေးက လူငယ် စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းစတင်ခဲ့ရာ Moderator အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိဒေါ်လှလှထွေးနှင့်အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းမှအထက်တန်းပြဆရာမဒေါ်‌နှင်းမို့မို့လွင်တို့ကဆောင်ရွက်ခဲ့ပြီး လူငယ်နှင့်စာပေ‌ခေါင်းစဉ်ဖြင့် Grade-11 မှ မောင်အောင်ထက်ပိုင်၊ လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့် Grade-11 မှ မမြတ်ဆု‌ဝေ၊ လူငယ်နှင့်အားကစား ကျန်းမာရေးခေါင်းစဉ်ဖြင့် Grade-12 မှ မနဒီဦး၊ လူငယ်နှင့်မူးယစ်‌‌ဆေးခေါင်းစဉ်ဖြင့် Grade-11မှ မောင်မင်းခန့်‌အောင် ၊ လူငယ်နှင့်နည်းပညာ ခေါင်းစဉ်ဖြင့် Grade-11 မှ မမြတ်စုစုစံ၊ လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်ဖြင့် Grade-11 မှ မမြတ်နိုးငယ်ကျောင်းသား၊ ကျောင်းသူ(၆)ဦးတို့က ခေါင်းစဉ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ပြီးတက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူ‌လေးများက မိမိတို့သိရှိလိုသည်များမေးမြန်းဆွေးနွေးရာ ပါဝင်ဆွေးနွေးသူများက သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပါဝင်ဆွေး‌‌နွေးပေးကြသော ကျောင်းသားကျောင်းသူများအား မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌‌ရေး ဦးစီးအရာရှိ‌‌ဒေါ်လှလှ‌ထွေးမှ အမှတ်တရလက်ဆောင်များချီးမြှင့်ခဲ့ပြီး ကျောင်းအုပ်ဆရာကြီးဦး‌မောင်မောင်လွင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ကျောင်းအုပ်ဆရာကြီးနှင့်တကွ ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများစုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ၊ ရသစာအုပ်များကို တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

 ရဲလေး (ပြန်ဆက်)