ရန်ကုန် နိုဝင်ဘာ ၁၁
မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းက ကြီးမှူး၍ ပြည်တွင်းဆီစက်များ ဈေးရောင်းပွဲတော်ကို နိုဝင်ဘာ (၉)ရက်မှ (၁၁)နေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရှေ့၌ ရောင်းချပေးလျက်ရှိရာ လာရောက်ဝယ်ယူများဖြင့် စည်ကားလျက်ရှိသည်။
အဆိုပါ ဈေးရောင်းပွဲတော်တွင် စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းဒေသကြီးက ဆီစက်လုပ်ငန်းရှင် (၁၀)ဦးက လာရောက်ရောင်းချပေးခြင်းဖြစ်ပြီး၊ ပြည်တွင်းကထွက်တဲ့ မြေပဲဆီကို ပြည်သူတွေ ဈေးနူန်းသက်သာစွာဖြင့် ဝယ်ယူစားသုံနိုင်စေရန်အတွက် ရည်ရွယ်ပြီး ရောင်းချပေးခြင်းဖြစ်သည်။
ယင်းသို့ ရောင်းချပေးလျက်ရှိရာ မြေပဲဆီ တစ်ပိဿာကို ဆီးဘူး ငွေကျပ် တစ်သောင်းခြောက် ထောင်ကျပ်၊ ၅၀ ကျပ်သားကို ဆီဘူးအပါ ငွေကျပ်ရှစ်ထောင်ဖြင့် လိုသလောက် ဝယ်ယူနိုင်ကြောင်းနှင့် မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းအနေဖြင့်လည်း သက်သာသည့် ဈေးနှုန်းများနှင့် လစဉ်ပြည်သူများကို ရောင်းချပေးနိုင်အောင်လည်း ကြိုးစားကြောင်းရွက်နေကြောင်းနှင့် ယခုကဲ့သို့ ဈေးရောင်းပွဲတော်ကို မန္တလေးတိုင်းဒေသကြီမှာ တစ်ကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးမှာ (၃)ကြိမ်အထိ ကျင်းပရောင်းချပေးထားကြောင်း သိရသည်။
ကျော်ဆန်းမြင့်