ကျိုင်းတုံမြို့၌ ရာသီဥတုပြောင်းလဲမှုလျော့ချရေးနှင့် မီးခိုးမြူငွေ့လျော့ချရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျိုင်းတုံ နိုဝင်ဘာ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ-မိုင်းဆတ် သစ်တောဦးစီးဌာနမှကြီးမှူးကျင်းပသည့် ရာသီဥတုပြောင်းလဲမှုလျော့ချရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးအသိပညာပေးဟောပြောပွဲကို ယနေ့က ကျိုင်းတုံမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။

ဟောပြောပွဲတွင် ကျိုင်းတုံ-မိုင်းဆတ်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ရာသီဥတုပြောင်းလဲခြင်းကြောင့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာခြင်းအကြောင်း၊ ရာသီဥတုပြောင်းလဲခြင်းအားလျှော့ချရမည့် နည်းလမ်းများနှင့်သစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းခြင်းဖြင့် ရာသီဥတုကောင်းမွန်လာစေခြင်းစသည့် အကြောင်းအရာများကိုလည်းကောင်း၊ တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုင်းဝေယံထွန်းက တောမီးလောင်ကျွမ်းမှုနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့ချရေးအကြောင်းနှင့် ရေချိုများရှားပါလာမှုအကြောင်းအရာများကိုလည်းကောင်း ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)