ထားဝယ် နိုဝင်ဘာ ၁၁
ထားဝယ်မြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်(TSDP)အရ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံဖိတ်ခေါ် အသက်(၁၆)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်း၌ ကျင်းပသည်။
ရှေးဦးစွာ အမျိုးသား/အမျိုးသမီးမီတာ(၁၅၀၀)ပြေးပြိုင်ပွဲနှင့် မီတာ(၄၀၀×၄)လက်ဆင့်ကမ်းပြိုင်ပွဲ၏ ယှဉ်ပြိုင်ကစားနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်များက ကြည်ရှု့အားပေးခဲ့ကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဒုတိယမြို့နယ်ပညာရေးမှူးဦးကြည်ရှိန်က ပြိုင်ပွဲတစ်လျှောက်ကူညီဆောင်ရွက်ပေးသေ ကြက်ခြေနီတပ်ဖွဲ့အား ဂုဏ်ပြုဆုငွေချီးမြှင့်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစံအေးက မီတာ(၁၅၀၀)ပြိုင်ပွဲတွင် အမျိုးသားပထမဆုရရှိသော မောင်ဖြိုးထွန်းမောင်၊ ဒုတိယဆုရရှိသော မောင်အောင်သက်ပိုင်၊ တတိယဆုရရှိသော မောင်ကောင်းခန့်ဇော်နှင့် အမျိုးသမီးပထမဆုရရှိသော မဒီဩလေး၊ ဒုတိယဆုရရှိသော မနော်သလဲမေး၊ တတိယဆုရရှိသော မထက်ထက်မြတ်နိုးအားလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးအေးနိုင်က မီတာ(၁၀၀)ပြိုင်ပွဲတွင် အမျိုးသားပထမဆုရရှိသော မောင်ဟိန်းလင်းထက်၊ ဒုတိယဆုရရှိသော မောင်အောင်ကောင်းမြတ်၊ တတိယဆုရရှိသော မောင်ကျော်သူရအောင်နှင့် အမျိုးသမီးပထမဆုရရှိသော မမေချိုထွေး၊ ဒုတိယဆုရရှိသော မအေးချမ်းလေပြေ၊ တတိယဆုရရှိသော မသဇင်လင်းထက်အားလည်းကောင်း တစ်ဦးချင်းဆုနှင့်ငွေသားဆုများ အသီးသီးပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တာဝန်ရှိသူများက မီတာ(၄၀၀)ပြိုင်ပွဲတွင် အမျိုးသားပထမဆုရရှိသော မောင်ထူးအိမ်ဇင်၊ ဒုတိယဆုရရှိသော မောင်သူရမျိုး၊ တတိယဆုရရှိသော မောင်ရန်မျိုးအောင်နှင့် အမျိုးသမီးပထမဆုရရှိသော မအိထက်ဖြူ၊ ဒုတိယဆုရရှိသော မခင်မေဇော်၊ တတိယဆုရရှိသော မဖူးပြည်စုံအားလည်းကောင်း၊ မီတာ(၄၀၀×၄) လက်ဆင့်ကမ်းပြိုင်ပွဲတွင် အမျိုးသမီးပထမဆုရရှိသော အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းအသင်း၊ ဒုတိယဆုရရှိသော အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအသင်း၊ တတိယဆုရရှိသော မဟာရွှေဂုဏ်ထူးကိုယ်ပိုင်အထက်တန်းကျောင်းအသင်းအားလည်းကောင်း၊ အမျိုးသားပထမဆုရရှိသော Edu Park ကိုယ်ပိုင်အထက်တန်းကျောင်းအသင်း၊ ဒုတိယဆုရရှိသော အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းအသင်း၊ တတိယဆုရရှိသော အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းအသင်းအားလည်းကောင်း၊ တစ်ဦးချင်းဆုနှင့်ငွေသားဆုများ အသီးသီးပေးအပ်ချီးမြှင့်သည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ထက်နောင်က အမျိုးသမီးပြိုင်ပွဲနှင့်အမျိုးသားပြိုင်ပွဲများတွင် အမှတ်အများဆုံးရရှိသည့် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းအသင်းအား တံခွန်စိုက်ဆုဖလားများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
ငွေဇင်ယော်(ထားဝယ်)