မန်ကန်မြို့တွင် (၃၆)နှစ်မြောက် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်း

မန်ကန် နိုဝင်ဘာ ၁၁

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန၏ (၃၆)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို မန်ကန်မြို့ အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ ကြွရောက်တော်မှုလာကြသော မြို့ဦးဝိဇ္ဇောတာရုံကျောင်းတိုက်မှ ဆရာတော် ဦးဝါသဝနှင့် မြို့ပေါ်ကျောင်းတိုက်များမှ ပင့်သံဃာတော်အရှင်သူမြတ်များ၊ ဧည့်သည်တော်များက "နမောတဿ" သုံးကြိမ်းရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထိုနောက် ဆရာတော် အရှင်သူမြတ်များထံမှ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်မင်းအောင်နှင့် အထွေထွေ အုပ်ချူပ် ရေးဦးစီးဌာနဝန်ထမ်းများ၊ ဧည့်သည်တော်များက ငါးပါးသီးလ ခံယူဆောက်တည်ခြင်း၊ အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူ၍ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ နေ့ဆွမ်းဆက်ကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ထို့နောက် ဒုတိယအစီအစဉ်ကို နေ့လယ်အချိန်တွင် အဆိုပါခန်းမတွင် ဆက်လက်ဆောင်ရွက်ခဲ့ရာ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်မင်းအောင်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများကို တူညီဝတ်စုံ (၃၇)စုံအား ပေးအပ်ခဲ့ကြောင်း သိရသည်။

အိဇာချိူ(ပြန်/ဆက်)