မြစ်ကြီးနား နိုဝင်ဘာ ၁၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ရာ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော်က အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးကျော်ထက်က “အနာဂတ်အတွက်စာဖတ်ပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ စာရေးဆရာအကြီးကိုကို (ကသာ) “ပထမတန်းစားလူ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ အဆိုပါကျောင်းစာကြည့်တိုက်အတွက် စာရေးဆရာအကြီးကိုကို (ကသာ) က စာအုပ်စာစောင်များ လှူဒါန်းပေးအပ်ပြီး ကျောင်းသား/ကျောင်းသူများက ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များအား စိတ်ဝင်စားစွာ ကြည့်ရှုမှတ်သားခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)