လိပ်သို နိုဝင်ဘာ ၁၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသနေပြည်သူများမှာ ဥယျာဉ်ခြံစိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိရာ ကွမ်းသီးပင်စိုက်ပျိုးသည့် လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ဒေသထွက်ကွမ်းသီးအခြောက်များ ရောင်းချခြင်းဖြင့် မိသားစုဝင်ငွေရရှိကြောင်း သိရသည်။
ဒေသနေပြည်သူများမှာ ကွမ်းသီးပင်များကို တိုးချဲ့စိုက်ပျိုးလျက်ရှိကြကြောင်း၊ ကွမ်းသီးများကိုရင့်မှည့်ချိန်ပေါ်မူတည်၍ တစ်နှစ်လျှင်(၃)ပြန်ခူးလေ့ရှိပြီး အခွံချွတ်၊ နေလှန်း၊ အခြောက်ပြုလုပ်ကာ ပြောင်းကြီး၊ ပြောင်နီ၊ ရွေးသီး၊ ကြက်ချေးသီးစသည်ဖြင့် အမျိုးအစားခွဲထုတ် ရောင်းချကြကြောင်း သိရသည်။
ယမန်နှစ်က ကွမ်းသီးဈေးနှုန်းများကျဆင်းခဲ့သော်လည်း ယခုနှစ်တွင် ကွမ်းသီးအနုများ ဆွတ်ခူးရောင်းချကြသောကြောင့် ကွမ်းသီးအခြောက်အထွက်နှုန်းကျဆင်းပြီး ဈေးနှုန်းများပြန်လည်မြင့်တက်လာလျက်ရှိရာ ကွမ်းသီးအခြောက် အနီတစ်ပိဿာလျှင် (၂၃,၀၀ဝိ/-) ကျပ်နှင့် အဖြူတစ်ပိဿာလျှင်(၁၀,၀၀ဝိ/-)ကျပ်အထိ ဈေးရရှိနေ၍ ကွမ်းသီးစိုက်ပျိုးသူ ခြံပိုင်ရှင်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ်