ညောင်ဦး နိုဝင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ညောင်ဦးမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ပန်းမျိုးတစ်ရာခန်းမတွင် ယနေ့နံနက် ၉ နာရီ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ပညာသည်သာရတနာသီချင်းဖြင့် ဆုချီးမြှင့်ခြင်း အခမ်းအနားအား စတင်ဖွင့်လှစ်ကာ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ဂုဏ်ထူး ငါးဘာသာ၊ လေးဘာသာ၊ သုံးဘာသာ၊ နှစ်ဘာသာနှင့် တစ်ဘာသာရရှိခဲ့သည့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဦးကျော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဆန်းထွန်းဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သက်နိုင်ဦးတို့ကဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဘက်စုံပညာရည် တို့လှမ်းချီသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ဒီပါလင်း