ကျိုင်းတုံ နိုဝင်ဘာ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆) နှစ်မြောက် ဌာနနှစ်ပတ်လည်နေ့ အခမ်းအနားကို ယမန်နေ့က ကျိုင်းတုံမြို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ရိပ်သာနှင့် ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ကျိုင်းတုံ) ရုံးတို့တွင် ကျင်းပသည်။
ကျိုင်းတုံမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရိပ်သာတွင် ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦး နှင့် ဝန်ထမ်းများ၊ မြို့မိဖြို့ဖများ၊ ဖိတ်ကြားထားသူများက ကျိုင်းတုံမြို့ သာသနာ့ ဝေပုလ္လကျောင်းတိုက်ဆရာတော် အမှူးပြုသော သံဃာတော် အရှင်သူမြတ်များထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်ကြီးများက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပွားများခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများက ဌာနနှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများနှင့် အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှအတန်း ပေးဝေခဲ့သည်။
ဆက်လက်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆) နှစ်မြောက် ဌာနနှစ်ပတ်လည်နေ့ အခမ်းအနားကို ပြည်နယ်ဒုတိယ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ကျိုင်းတုံ) ရုံးတွင် ကျင်းပရာ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးက အမှာစကားပြောကြားပြီး နိုင်ငံဝန်ထမ်းတက္ကသိုလ်တွင် ဆုရရှိခဲ့သည့် ဝန်ထမ်းများအား ဂုဏ်ပြုဆုများပေးအပ်သည်။ ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သမိုင်းကြောင်း Video Clip အား ဖွင့်လှစ်ပြသသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)