မိုင်းယောင်းမြို့၌ (၃၆) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

မိုင်းယောင်း နိုဝင်ဘာ ၈

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နံနက် (၆) နာရီတွင် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက် ဆရာတော်အမှူးပြုသော ဆရာတော်၊ သံဃာတော်များထံမှ တရားတော်နာကြား၍ အာရုဏ်ဆွမ်းနှင့် လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဖိတ်ကြားထားသည့် ဧည့်သည်တော်များအား ဧည့်ခံကျွေးမွေးသည်။ ယင်းနောက် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး အငြိမ်းစားဝန်ထမ်းများအား ကန်တော့ခဲ့ကြကာ အမှတ်တရလက်ဆောင်များ ပေးအပ်သည်။

ထို့နောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပပြီး ထူးချွန်ဆု ရရှိသူများအား ဆုများပေးအပ်ချီးမြှင့်၍ အမှတ်တရပစ္စည်းလဲလှယ်ခြင်း၊ ဗလာမပါ ကံစမ်းမဲဖောက်ခြင်းတို့ကို တပျော်တပါး ဆင်နွှဲခဲ့ကြကာ ည (၆) နာရီတွင် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)