ကျိုင်းတုံ နိုဝင်ဘာ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြပွဲကို ယမန်နေ့က ကျိုင်းတုံခရိုင် မီးသတ်ဦးစီးဌာနရုံးတွင် ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ဆန်းထွန်းက မီးဘေးအန္တရာယ် ဖြစ်ပေါ်ရသည့် အကြောင်းအရင်းများ၊ စက်သုံးဆီအရောင်းဆိုင်များနှင့် လူနေအိမ်များတွင် ဖြစ်တတ်သည့် မီးဘေးအန္တရာယ်များအကြောင်း၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ဆောင်ရွက်သင့်သည့် အချက်များ စသည့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့် သတိပြုဆောင်ရွက်ရမည့် အချက်များကို စက်သုံးဆီဆိုင်ပိုင်ရှင်များနှင့် စက်သုံးဆီအရောင်းဆိုင် ဝန်ထမ်းများအား အသိပညာပေးဟောပြောပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးသူထိုက်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့ Gas မီးငြိမ်းသတ်ခြင်း၊ မီးသတ်ဆေးဘူးဖြင့် ဆီ/ မီး ငြှိမ်းသတ်ခြင်းများကို စက်သုံးဆီအရောင်းဆိုင် ဝန်ထမ်းများနှင့်အတူ လက်တွေ့သရုပ်ပြ လေ့ကျင့်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)