ပုသိမ်ကြီး နိုင်ဝင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် (၃၆)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက အမှာစကားပြောကြားကာ၊ အောင်မြေသာစံခရိုင်အတွင်း ဌာနလှုပ်ရှားမှု video clip အား ပြသခဲ့သည်။ ထို့နောက် မြို့နယ်တွင်းရှိဝန်ထမ်းများမှ မဲပေးထားသော the best performance of year 2024 ဆုအား ပေးအပ်ခြင်း၊ ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှပေးအပ်သည့် လုပ်ငန်းစွမ်းဆောင်ရည်ဆု၊ တစ်နှစ်ပတ်လုံးခွင့်မယူသည့် ဝန်ထမ်းဆု၊ စံပြဝန်ထမ်းဆု (၂) ဦး တို့အား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ (၃၆) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဝန်ထမ်းများအား ပျော်ပျော်ပါးပါး ဗလာမပါကံစမ်းမဲများ ဖောက်ပေးခြင်း၊ တွဲဘက်တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်