(၃၆) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဝန်ထမ်း မိသားစုများ၏ ဒုတိယအကြိမ်  ကထိန်သင်္ကန်းဆပ်ကပ်လှူဒါန်းပွဲကျင်းပ

ပြင်ဦးလွင် နိုဝင်ဘာ  ၈

(၃၆) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်၊ ပြင်ဦးလွင်ခရိုင်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းမိသားစုများ၏ ဒုတိယအကြိမ်၊ ကထိန်သင်္ကန်းဆပ်ကပ်လှူဒါန်းပွဲကို သာသနာတော်နှစ် (၂၅၆၈)၊ ကောဇာသက္ကရာဇ်( ၁၃၈၆) ခု၊ တန်ဆောင်မုန်းလဆန်း (၇) ရက်၊  ခရစ်သက္ကရာဇ်  (၂၀၂၄)  ခုနှစ်၊  နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၁၀ နာရီက ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၂၁)၊ ကေသရာ ရာမသဲဖြူချောင်းကျောင်းတိုက်ကြီး၌  ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ “နမောတဿ”(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး မြို့လယ် ရွှေစည်းခုံကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော်ဘဒ္ဒန္တအာစိဏ္ဏ (အဂ္ဂမဟာပဏ္ဍိတ)ထံမှ (၅) ပါး သီလယူဆောက်တည်ခြင်း၊ သံဃာတော်အရှင်သူမြတ်တို့ထံမှ မေတ္တာသုတ်အစရှိသော ပရိတ်တရားတော်များ နာယူကြည်ညိုကြပြီး ပြင်ဦးလွင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦးနှင့်(ဇနီး) ဒေါ်ချိုဇင်သန့်တို့မှ ဦးဆောင်၍ ပြင်ဦးလွင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်လွင်နှင့်(ဇနီး)ဒေါ်သန္တာထွန်း ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းမိသားစုတို့မှ  သံဃာတော်အရှင်သူမြတ်တို့ ထံသို့  ကထိန်လျာသင်္ကန်းဆပ်ကပ် လှူဒါန်ခဲ့ကြသည်။

ဆက်လက်ပြီး  ကေသရာ ရာမသဲဖြူချောင်း ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက (မြို့နယ်သံဃနာယကဥက္ကဋ္ဌ) ဘဒ္ဒန္တကေသရ (မဟာဂန္ထဝါစကပဏ္ဍိတ) ထံမှ  အနုမောဒနာ ရေစက်ချတရား နာယူကြည်ညိုကြပြီး ပရိသတ်များက ဩကာသ ကန်တော့ချိုးဖြင့်  ပြန်လည်ကန်တော့ကြ၍ “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု”(၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)