မန္တလေး နိုဝင်ဘာ ၇
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၆) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့ မွန်းတည့် (၁၂) နာရီက မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံးဟောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မန္တလေးတိုင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းအုပ်ချုပ်ရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝေဇင်ထွန်းက အမှာစကားပြောကြားပြီး အရာထမ်း၊ အမှုထမ်း ဝန်ထမ်းများအား ကံစမ်းမဲများ မဲနှိုက်ဖောက်ပေးကြသည်။
အဆိုပါ အခမ်းအနားတွင် အရာထမ်း၊ အမှုထမ်းဝန်ထမ်း (၂၉၂) ဦးတို့အား ငွေကျပ်သိန်းသုံးရာ့နှစ်ဆယ်ကျော်တန်ဖိုးရှိ ပစ္စည်းများကို တပျော်တပါးမဲနှိုက်ပေးကြကြောင်း သတင်းရသည်။
(အောင်စံ၊ပြန်/ဆက်)