ကျောက်ဆည် နိုဝင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာများတွင် ကွန်ကရစ်လမ်းများ ခင်းပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပေတောကြီးကျေးရွာ၌ (VDP)စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခင်းပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပေတောကြီးကျေးရွာသည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်အသက်မွေးကြပြီး မိုးတွင်းကာလ ကျေးရွာတွင်းလမ်းများသည် ရွံ့များဖြင့်သွားလာရာ၌ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိရာ ပြည်သူများ မြို့ပြနှင့်မခြား သွားလာနိုင်ပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (VDP)စီမံကိန်းဖြင့် မြေလမ်းများအား ကွန်ကရစ်လမ်းအဖြစ် ကျေးရွာလမ်းဖြစ်မြောက်ရေးကော်မတီဦးဆောင်မှုဖြင့် နိုင်ငံတော်ခွင့်ပြုငွေ၊ ကျေးရွာပြည်သူများ ထည့်ဝင်ငွေများဖြင့် အဆင့်မြှင့်တင်မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်သူထည့်ဝင်ငွေများဖြင့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခင်းပေးခြင်းကြောင့် ပေတောကြီး ကျေးရွာပြည်သူများအနေဖြင့် မိမိတို့ကျေးရွာ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်မှုများ ပိုမိုဆောင်ရွက်လာတတ်မည်ဖြစ်ကြောင်းနှင့် အရည်အသွေးကောင်းသည့်လမ်းများဖြစ်စေရန် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာများ စနစ်တကျကူညီပေးသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းများပြီးစီပြီးသွားပါက ဘလုံ့ကျေးရွာသည် မြို့ပြနှင့်မခြား လမ်းများဖွံ့ဖြိုးတိုးတက်လာပြီး ပြည်သူများအနေဖြင့် တစ်အိမ်နှင့်တစ်အိမ် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် များစွာအဆင်ပြေသွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများ၏ လူနေမှုစနစ်များလည်း ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
သက်မောင် (ကျောက်ဆည်)